Fluid in the ear နားထဲမှာအရည်ရှိတာ

ကျွန်မက (့) မှာနေပါတယ်။ ကျွန်မသားလေးက ၁ နှစ်နဲ့ ၆ လရှိပါပြီ။ လွန်ခဲ့တဲ့နှစ်လလောက်တုန်းက နားနှာခေါင်း ဆရာ

December 26, 2014
Fluid in the ear နားထဲမှာအရည်ရှိတာ

Fluid in the ear

ကျွန်မက (့) မှာနေပါတယ်။ ကျွန်မသားလေးက ၁ နှစ်နဲ့ ၆ လရှိပါပြီ။ လွန်ခဲ့တဲ့နှစ်လလောက်တုန်းက နားနှာခေါင်း ဆရာဝန်က စစ်ဆေးကြည့်တော့ သားရဲ့ နားတစ်ဖက် နားစည်ထဲမှာ အရည်ရှိနေတယ်လို့ ပြောပါတယ်။ ပြီးတော့ နှာခေါင်းထဲမှာလည်း POLYS ရှိလို့ အိပ်ရင် အသက်ရှူ ခက်ခဲပြီး ကောင်းကောင်း မအိပ်နိုင်ပါ။ လူကြီး ဟောက်တဲ့အသံလို အကျယ်ကြီး တစ်ညလုံး ဟောက်ပါတယ်။ နှာစေးချောင်းဆိုးလည်း ခဏခဏ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က နှာခေါင်းထဲက ဟာကို ဖယ်ထုတ်လိုက်ပါတယ်။ အခုထိတော့ အိပ်ရင် အသံမြည်တုန်းပါပဲ။ အဲတာ ပုံမှန်ဟုတ်ပါလား။ အသက်ရှူ ခက်လာရင် ချွေးအရမ်းထွက်ပါတယ်။ နားကိုပြန်စမ်းတော့ နားနှစ်ဖက်လုံး အရည် ရှိနေတဲ့အတွက် နားထဲကို ရာဘာ Tube သေးသေးလေး ထည့်ပေးလိုက်ပါတယ်။ နောက် ၆ လကြာရင် ပြန်စစ်ဆေးပြီး အရည် မရှိတော့ရင် ပြန်ထုတ်မယ်လို့ ပြောပါတယ်။ နားထဲမှာ အရည်ရှိတာ ဘာကြောင့်ပါလဲ။ မိဘတွေရဲ့ မှားယွင်မှုကြောင့်လား။ ဥပမာ ရေချိုးရင်နဲ့ နားထဲကိုရေဝင်တာကြောင့်များလား။

နားထဲမှာ အရည်ရှိနေတာကို Serous otitis media (SOM) လို့ခေါ်တယ်။ Otitis media with effusion (OME) လို့လဲ ခေါ်သေးတယ်။ Auditory tube (Eustachian tube) နားပြွန်ကို ထိခိုက်တယ်။ ဒီပြွန်ကနေ အရည်စတာ ရှိနေရင် နားထဲကနေ အာခေါင်ထဲ ထုတ်ရှင်းပေးရတယ်။ လမ်းကြောင်း ပိတ်နေရင် ထွက်စရာတွေက Middle ear space နားအလည်ပိုင်းမှာ ပိတ်မိနေမယ်။ Ear infection နားကို ပိုးဝင်တာပါဘဲ။ Viral URI အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာ ဗိုင်းရပ်စ် ဝင်ရာကနေဖြစ်တာ များတယ်။ ဗက်တီးရီးယားကနေလဲ ဖြစ်တယ်။ အရည်ရှိပြီးမှ ဗက်တီးရီးယား ဝင်လာတာလဲ ဖြစ်နိုင်တယ်။ ပိုးမဟုတ်ရင် အအေးမိတာ နဲ့ (အလာဂျီ) ရတာတွေကနေလဲ ဖြစ်နိုင်တယ်။ Otitis externa ဆိုတာ ရေကူးရာကနေ ဖြစ်တာများလို့ Swimmer’s ear ခေါ်တယ်။ အခုဟာနဲ့ တခြားစီဖြစ်တယ်။

OME ကလေး-လူကြီးမရွေး ဖြစ်နိုင်တယ်။ ကလေးတွေမှာ ပိုဖြစ်တယ်။ အမေရိကားမှာ တနှစ်မှာ ကလေးပေါင်း ၂့၂ သန်း ဖြစ်နေကြတယ်။ ကျောင်းမသွားခင်အရွယ်မှာ ၉ဝ% ဖြစ်တယ်။ သူတို့လေးတွေရဲ့ နားပြွန်-ခန္ဓာဗေဒကြောင့် ပိုဖြစ်ရတယ်။ နားထဲမှာ အရည်ရှိနေပေမဲ့ ဘာမှ မခံစားရတာလဲ ဖြစ်နိုင်တယ်။ ကလေးတွေဆိုရင် မခံစားရတာနဲ့ မပြောတတ်တာ အများဆုံး ဖြစ်ကြရတယ်။ ခံစားရသူတွေမှာ နားကိုယ်မယ်။ နာလိုက် သက်သာလိုက်ဖြစ်မယ်။ နားကောင်းကောင်းမကြား ဖြစ်မယ်။ ကလေးဆိုရင် Speech and language skills စကားပြောနှေးနိုင်တယ်။ Gross motor skills ကြွက်သားတွေ အလုပ်လုပ်တာ နှေးမယ်။ Balance problems ကိုယ်ခန္ဓာကို မျှခြေညီအောင် မထိန်းနိုင်ဘဲ Vertigo ခေါင်းမူးမယ်။

Otoscope ဒါမှမဟုတ် Otomicroscopy ကရိယာသုံးပြီး စစ်ဆေးရတယ်။ Ear drum နားစည်ခေါ်တဲ့ Tympanic membrane ကို စစ်ဆေးရတယ်။ Ear drum နားစည်နောက်မှာ Bubble လေဘူဘောင်း ရှိနေတာတွေ့နိုင်တယ်။ နားစည်က မလှုတ်နိုင်ဖြစ်နေမယ်။ ပုံစံ နဲ့ အရောင်ပြောင်းနေနိုင်တယ်။ Tympanometry နည်းနဲ့ ရောဂါကို သေခြာစေနိုင်တယ်။

How Fluid in the Ear Is Treated ဘယ်လိုကုသသလဲ
တချို့ကလေးတွေ အရည်ရှိနေတာ မသိလိုက်ဘဲ သူ့ဖါသူ ပျောက်သွားနိုင်တယ်။ အရင်က Antihistamines (အင်တီဟစ်တမင်း) နဲ့ Decongestants ဆေးတွေ ပေးတယ်။ တခါတလေ Steroids (စတီရွိုက်) ဆေး နဲ့ Antibiotics ပဋိဇီဝဆေးတွေလဲ ပေးတယ်။ ၂ဝဝ၄ American Academy of Pediatrics အမေရိကန် ကလေးဆေးပညာ အကယ်ဒမီကနေ လမ်းညွှန်ချက်ထုတ်ပြန်လာတယ်။ နားထဲ အရည်ရှိတာဟာ ပိုးဝင်တာ မရှိဘဲလဲ ဖြစ်နိုင်တယ်။ ဒါကြောင့် ပဋိဇီဝဆေးတွေ အမြဲတန်းမလိုဘူး။

အလိုလိုပျောက်တာများတယ်။ အရည်က အထဲနေတာကြာလာရင် စေးပျစ်လာမယ်။ ကော်ကပ်ထားသလိုမို့ Glue ear ခေါ်တယ်။ ဒါဆိုရင် နားအကြားကို ထိခိုက်လာမယ်။ တကယ်လို့ ကလေးဟာ ဘာမှခံစားမနေရပေမဲ့ ဖွံဖြိုးမှု နောက်ကျတာ ရှိနေရင် စစ်ဆေးရမယ်။ ၆ ပါတ်နေလို့ မပျောက်ရင် ပဋိဇီဝဆေးလိုနိုင်တယ်။ Hearing test အကြားစစ်ဆေးတာလုပ်မယ်။ နောက်ထပ် ၆ ပါတ် စောင့်ကြည့်မယ်။ Hearing test ထပ်လုပ်မယ်။ ပဋိဇီဝဆေးလိုရင် ထပ်ပေးမယ်။ လိုအပ်ရင် Myringotomy ခွဲစိတ်တာ လုပ်ပေးမယ်။ နားစည်မှာ အပေါက်ကလေးဖေါက်ပြီး ပိုက်ကလေး တပ်ပေးမယ်။ Adenoids ခေါ်တဲ့ ပါးစပ် အထက်-နောက်နားက (တစ်ရှူး) တွေ နဲ့ Tonsils အာသီးတွေ ရောင်နေရင် ကုသရမယ်။ လိုအပ်ရင် ခွဲစိတ်ရတယ်။

Preventing Fluid in the Ears နားထဲအရည်ဝင်တာ မဖြစ်အောင် -
- လူကြီး-မိဘတွေ ဆေးလိပ်မသောက်ပါနဲ့။
- ကိုယ်နဲ့ မတည့်တာ Allergens သိအောင်ရှာပြီး ရှောင်ပါ။
- ခဏခဏဖြစ်နေလို့ လိုမယ်ထင်ရင် နေ့ကလေးထိန်းကျောင်း နေရာပြောင်းထားပါ။
- လက်တွေ မကြာမကြာဆေးကြောပါ။ ကလေးကစားစရာတွေ သန့်ရှင်းပေးပါ။
- ပဋိဇီဝဆေး မလိုဘဲ မပေးပါနဲ့။
- မိခင်နို့ ဝအောင်တိုက်ပါ။
- ကာကွယ်ဆေးတွေ စုံအောင်ထိုးပါ။ ဥပမာ Pneumococcal vaccine နူမိုးနီးယား ကာကွယ်ဆေး။
- ကလေးကို ပက်လက်အနေအထားနဲ့ အစာကြွေးတာကနေ ပိုဖြစ်နိုင်တယ်။
- ကလေးကို လူအုပ်ထဲ စောပြီးပို့လွှတ်တာကနေလဲ ပိုဖြစ်နိုင်တယ်။

Myringotomy နားစည်ဖေါက်ခြင်း
ကျွန်တော်က မန်းလေးကပါ။ ကျွန်တော့်ကလေးအကြီးက ၁၂ နှစ်ပါ/ နှာခေါင်းက သလိတ်ကပ်သလို နှာခေါင်း ပိတ်သလို တဂူးဂူးနဲ့ နွေမိုးဆောင်း လုပ်နေရပါတယ်ဆရာ။ နောက်ပြီး နားဖါဂြီးကသုံးလတခါလောက်ပိတ်တယ်။ နားနှာခေါင်း အထူးကုဆရာကြီးနဲ့ပြကြည့်တော့ နားကိုအကြားအာရုံစစ်ဆေးပြီး နားစည်အနောက်က အတွင်းထဲမှာ အရည်ရှိလို့ မေ့ဆေးနဲ့ စုတ်ထုတ်လိုက်တာကောင်းသွားပါသည်။ တစ်နှစ်ပြည့်သွားတော့ နောက်ထပ်တစ်ခါ နားစည် ထပ်ဖေါက်စုတ်တယ်။ အဲ့ဒါလည်းကောင်းပါသည်ဆရာ။ အခုနားက အကြားအာရုံနည်းခြင်နေပါသည်ဆရာ။ အဲ့ဒါနားစဉ်က သုံးခါဖေါက်ရင်ကောင်းပါ့မလား (နားနှစ်ဖက်စလုံး)။ ဆရာကူညီအကြံပေးပါအုံးဆရာ။

နားအတွင်းထဲမှာ အရည်တွေအောင်းနေလို့ဖိအားများနေရင် အရည်တွေထွက်နိုင်အောင် နားစည်ကိုဖေါက်ပေးပြီး၊ ပိုက်ပြွန် သေးသေးလေးထည့်ပေးရတယ်။ မဟုတ်ရင် ဖေါက်ထားတဲ့အပေါက်က အလိုလိုပြန်ပိတ်သွားမယ်။ ပြွန်ကို ၆ လ ကနေ ၁၂ လအထိထားတယ်။ ပြည်ရှိနေလဲ အဲလိုပဲ။ otitis media ခေါ်တဲ့ နားအလယ်ပိုင်းရောင်တာကို ကုသပေးတော ဖြစ်တယ်။ နားအပြင်ဆိုတာ မျက်စိနဲ့မြင်ရတဲ့အပိုင်း။ အတွင်းပိုင်းဆိုတာက ဦးခေါင်းခွဲ-ဦးနှောက်နဲ့ဆက်နေတယ်။

ပိုးသေဆေးတွေ ပေးပေမဲ့ မပျောက်နိုင်တဲ့ chronic otitis media with effusion (OME) နာတာရှည်အရည်ယိုတာကိုလဲ လုပ်ပေးတယ်။ အသက်ကြီးသူတွေမှာ Eustachian tube နားပြွန်အလုပ်ကောင်းကောင်းမလုပ်နိုင်တာကိုလဲလုပ်ပေးတယ်။ အဲလိုဖြစ်နေရင် နားအကြားချို့ယွင်းလာမယ်။ မူးမယ်။ နားထဲအသံမည်နေမယ်။ tympanic membrane နားစည်မှာ အိပ်လိုလေးတွေဖြစ်လာမယ်။ အမြင့်ပျံရသူတွေ၊ ရေငူပ်သူတွေမှာ ဖြစ်တတ်တယ်။

အဲလိုပိုက်ကလေးထည့်ပေးတာဟာ ရောဂါအားလုံးကောင်းသွာတာတော့မဟုတ်ပါ။ နားအလယ်ပိုင်းရောင်တာ၊ ပိုးဝင်တာ၊ ပြည်ယိုတာကြနေသူတွေမှာ ရောင်ရမ်းတာနဲ့ အရည်များတာ ပြန်ပြန်ဖြစ်တယ်။ ပြွန်ထည့်ထားရင် ပိုးတွေစုဝေးတာကိုလဲ သတိထားရတယ်။ ပိုးကလဲအမျိုးမျိုး။ Methicillin-resistant Staphylococcus aureus (MRSA) ပိုးကအကုရခက်တယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/12/fluid-in-ear.html


Healthy Life

253 Blog posts

Comments