မသေချာမရေရာမှုကို လက်ခံနိုင်အာင် ကရုဏာပွားပါ

အခု ဘုန်းဘုန်း ဒီ section အတွင်းမှာ လုပ်ချင်တဲ့ exercise ကတော့ ကရုဏာပဲ (compassion) ပဲ။ အခု လုပ်ချင်တဲ့ compassion က ပထမဆုံး uncertainty ဆို

မသေချာမရေရာမှုကို လက်ခံနိုင်အာင် ကရုဏာပွားပါ 

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

စီးပွားရေးလောကထဲက ကိုယ့်ဒူးကိုယ်ချွန် မာယာ 

ဒုတိယအချိန် - အပိုင်း (၄)

 

★ အခု ဘုန်းဘုန်း ဒီ section အတွင်းမှာ လုပ်ချင်တဲ့ exercise ကတော့ ကရုဏာပဲ (compassion) ပဲ။ အခု လုပ်ချင်တဲ့ compassion က ပထမဆုံး uncertainty ဆိုတဲ့ မသေချာမရေရာမူကြောင့် ဖြစ်ပေါ်လာတဲ့ stress တွေ စိတ်ဖိစီးမှုတွေ နောက်ပြီးတော့ pressure တွေ worry - သောကတွေ၊ စိုးရိမ်မှု (anxiety)  - အလိုအလျောက် သူ့ဟာနဲ့သူ overdrive ဖြစ်နေတဲ့ anxiety တွေ အဲ anxiety ကိုကြည့်ပြီး တရားထိုင်မယ် #ကရုဏာ လုပ်မယ်။

 

★ ပထမဆုံးတော့ မိမိရဲ့လုပ်ငန်းမှာ ကိုယ်က ကုမ္ပဏီတစ်ခုမှာ ကိုယ်ရဲ့အခန်းကဏ္ဍကို ကြည့်ပြီးတော့ ကိုယ်မှာရှိတဲ့ anxiety ကုမ္ပဏီပဲဖြစ်ဖြစ် ဝန်ကြီးဌာနပဲဖြစ်ဖြစ် ကိုယ်ပိုင်အလုပ်ဖြစ်ဖြစ် တက္ကသိုလ်တွေမှာပဲဖြစ်ဖြစ် ကိုယ့်မှာဖြစ်တဲ့ anxiety အဲ anxiety ကို ကြည့်ပြီးတော့ #မိမိကိုယ်ကိုကရုဏာပွားပါ။

 

★ ဒီ anxiety ကို နူးညံ့တဲ့ နှလုံးသား ကြီးမားတဲ့ မေတ္တာရှိတဲ့ မိခင်ရဲ့ နှလုံးသားနဲ့ ကြည့်နေပါ။ အဲဒီ anxiety ကို မိမိရဲ့ တစ်ဦးတည်းသော ရင်သွေးလို သဘောထားပါ။ ဒါ ကိုယ်ရဲ့ wellfare wellbeing ဘယ်သူက ငါ့ကို ဘာစိတ်ဒုက္ခပေးတယ်ဆိုတဲ့ အမြင်မျိုးထက် မိမိရဲ့ရင်ထဲမှာ ရှိနေတဲ့ စိတ်ဒုက္ခ စိတ်ဒဏ်ရာ worry, anxiety အဲဒီဟာတွေကို မြင်အောင်ကြည့်။

 

★ မြင်အောင်ကြည့်ပြီးရင် anxiety ဖြစ်နေတယ် stress ဖြစ်နေတယ်။ ကိုယ်နှလုံးသားထားထဲမှာ ခံစားနိုင်တယ်။ ရင်ခုန်သံထဲမှာ ရှာနိုင်တယ်။ ဦးဏှောက်ထဲမှာလည်း မရပ်မနား စီးသွားနေတဲ့ ဒလဟောစီးသွားနေတဲ့ ရေအယာဉ်ကြီးလိုပဲ automatic အတွေးတွေ မရပ်မနား သူ့ဟာသူတွေးနေတာ။ 

 

★ Anxiety ရဲ့ အရှိန်နဲ့ worry ရဲ့ အရှိန်နဲ့ ဒါလည်း မသေချာသေးဘူး၊ ဒါလည်း ဒီလိုဖြစ်ချင်တယ် မသေချာသေးဘူး ဒါလည်း ဒီလိုဖြစ်ချင်တယ် ဖြစ်နိုင်မှ ဖြစ်နိုင်ပါ့မလား ဆိုပြီးတော့ ဖြစ်ပေါ်လာတဲ့ စိုးရိမ်စိတ်တွေ သောကတွေ stress တွေ အဲ stress တွေကို embrace လုပ်ပါ(ပွေ့ပိုက်ပါ) ထွက်မပြေးနဲ့ နံပါတ်(၁)။

 

★ နံပါတ်(၂) သူတို့နဲ့ ရန်မဖြစ်နဲ့၊ ရန်ဖြစ်မယ့်အစား stress ဖြစ်နေတဲ့ ကိုယ်ရဲ့ subconscious mind ကိုယ်ရဲ့မသိစိတ်ကို တစ်ဦးတည်းသော ရင်သွေးလို သဘောထားပါ။ Are you ok? လို့ မေးလိုက်ပါ။ Are you ok? It’s alright.  တစ်ဦးတည်းသော ရင်သွေး အရမ်းစိုးရိမ်စိတ် များနေတဲ့ ရင်သွေးကို ကျောလေးပွတ်ပြီးတော့ ခေါင်းလေးပွတ်ပြီးတော့ ဒီ ပခုံးလေးကိုင်ပြီးတော့ အားပေးတဲ့ ပုံစံမျိုး It’s ok. It’s ok. 

 

★ ဒီလိုလုပ်ခြင်းအားဖြင့် မိမိရဲ့ anxiety ကို ကိုယ်က acknowledge လုပ်လိုက်တယ်။ ထွက်မပြေးတော့ဘူး flight မလုပ်ဘူး။ သူနဲ့ ရန်မဖြစ်ဘူး fight မလုပ်ဘူး။ Fight and flight လုပ်မယ့်အစား မဇ္ဈိမပဋိပဒါ middle way ဖြစ်တဲ့ သတိတရားနဲ့ acknowledge လုပ်တယ်။ ကရုဏာ compassion နဲ့ ပွေ့လိုက်တယ် (embrace)။ 

 

★ ပထမဆုံး မိမိရဲ့ stress ဖြစ်စရာ anxiety ဖြစ်စရာတွေ ကျန်းမာရေးလား လုပ်ငန်းခွင်မှာဖြစ်တဲ့ လူမူဆက်ဆံရေးလား အလုပ်အကိုင်နဲ့ ပတ်သတ်တာလား လုပ်ငန်းသဘောနဲ့ ပတ်သတ်တာလား။ ဒါမှမဟုတ် တိုင်းပြည်အခြေအနေနဲ့ ပတ်သတ်တာလား ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်လာတဲ့ anxiety ကို လက်ခံလိုက်ပါ accept လုပ်လိုက်ပါ။ ကရုဏာနဲ့ ပွေ့ပိုက်လိုက်ပါ ပွေ့ပိုက်လိုက်ပါ။

 

★ နောက်ပြီးရင် ကိုယ်ရဲ့အချစ်ဆုံးပုဂ္ဂိုလ် မိသားစုထဲမှာ တစ်ယောက် သူရဲ့ anxiety သူစိုးရိမ်မှုတွေ စိုးရိမ်မှု မနက်ကပြောသလို ဘာမှစိုးရိမ်ကြောင့်ကြမှု မရှိဘူးလို့ လူအများယူဆထားတဲ့ ကျောင်းသားကျောင်းသူ အလယ်တန်း အထက်တန်းကျောင်းသားကျောင်းသူလေးတွေတောင်မှ သောကတွေနဲ့ ပြည့်နေတာ။

 

★ သူတို့နဲ့ တရားစခန်းလုပ်ရင်း တရားသင်တန်းလုပ်ရင်း သူတို့ပြောတဲ့ဟာလေးတွေ နားထောင်တာ အော် သူတို့မှာလည်းပဲ သောကလေးတွေ ပြည့်နေတယ်။ အဲတော့ မိသားစုထဲက အချစ်ဆုံးတစ်ယောက် ပဲဖြစ်ဖြစ် မိမိရဲ့သူငယ်ချင်း အရင်းနှီးဆုံးသူငယ်ချင်း best friend ထဲကပဲဖြစ်ဖြစ် တစ်ယောက်ယောက်ရဲ့ စိတ်ဖိစီးမှုဒဏ်ကို တွေးကြည့်လိုက်ပါ။ 

 

★ သူရဲ့ စိတ်ဖိစီးမှုကို ကရုဏာနဲ့ compassion နဲ့ ပွေ့ဖက်ပေးပါ။ အားပေးပါ။ It’s ok, It’s ok.  It is happening not just to you. သင့်အတွက်သာ မဟုတ်ပါဘူး။ တခြားသူတွေလည်း ဒီလိုဖြစ်တယ်။ မစိုးရိမ်နဲ့ အဆင်ပြေသွားပါလိမ့်မယ် စိတ်ထဲမှာ အားပေးပါ။ စိတ်ကို အဲဒီ positive ဖြစ်တဲ့ဘက်ကို ပို့ပါ။ 

 

★ Compassion က အားနည်းချက် မဟုတ်ဘူး။ ပြဿနာဆီကို ဦးတည်ပြီးတော့ ပြဿနာကို အနီးကပ်ကြည့်ရှု့ရဲတာ contemplate လုပ်နိုင်တာ ဒါ အားနည်းချက်မဟုတ်ဘူး။ ပြဿနာကို fight မလုပ်ဘူး flight မလုပ်ဘူး။ ပြဿနာကို နားလည်အောင် ကြိုးုစားနေတာ ဒါ အားနည်းချက် မဟုတ်ဘူး။ 

 

★ ပထမဆုံး မိမိကိုယ်ကို ဒုတိယကျတော့ အချစ်ဆုံးပုဂ္ဂိုလ် တတိယကျတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ကိုယ်နဲ့ပြဿနာမရှိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် သူရဲ့ အခက်အခဲ သူရဲ့ anxiety သူရဲ့ worry  အဲဒါလေးကို ကြည့်ပြီး ကရုဏာပွားပေးပါ ကိုယ်ချင်းစာပေးပါ။ ဘုန်းဘုန်းတို့ ၁၀-မိနစ်လောက် တရားထိုင်မယ်နော်။ 

 

★ သုံးခု - တစ်ခုက မိမိကိုယ်ကို၊ ဒုတိယကျတော့ အချစ်ဆုံးသူငယ်ချင်း ဒါမှမဟုတ် အချစ်ဆုံးမိသားစုအဖွဲ့ဝင်တစ်ယောက် တတိယကျတော့ လုပ်ဖော်ကိုင်ဖက် colleague တစ်ယောက် သူတို့ရဲ့ ဒုက္ခကို စိတ်ထဲမှာ မိမိရဲ့ဒုက္ခအရင်ဆုံးပေါ့နော် ပြီးရင် သူတို့ရဲ့ဒုက္ခ တွေးကြည့်ပြီးတော့ ကရုဏာစိတ်ဖြစ်အောင် မိမိရဲ့ရင်ထဲမှာ ကရုဏာစိတ်ကို ပွားများပေးပါ။ မွေးဖွားပေးပါ။ 

 

★ ဒီကြားထဲမှာ စိတ်က ဟိုတွေးဒီတွေး ဒါက ဟိုဟာမဖြစ်သင့်ဘူး ဒီလိုမဖြစ်သင့်ဘူး အပြစ်တင်တဲ့စိတ်တွေ ဖြစ်ပေါ်လာတယ်ဆိုရင်လည်း အပြစ်တင်နေတယ် အပြစ်တင်နေတယ် အလိုအလျောက်အပြစ်တင်နေတယ် အပြစ်တင်တဲ့စိတ်ကိုလည်း ကရုဏာပြန်ပွားလိုက်ပါ။ ပြန်ပြီးတော့ သနားလိုက်ပါ။ 

 

?‍♂️ဝင်လေထွက်လေ ကျကျနန ရှုရှိုက်မယ်။ 

 

Slow and deep breathing…

Slow and deep breathing…

 

၁၀-မိနစ် ပြည့်ပါပြီ။

 

★ အခု ၁၀-မိနစ် တရားထိုင်တဲ့ဟာက စိတ်ရဲ့အကျင့်ကို ပြောင်းပေးရမယ်။ ဒီတိုင်းနေရင် သတိလွတ်တဲ့အခါမှာ mindfulness မရှိတဲ့အခါမှာ ပြဿနာနဲ့ တွေ့ရင် ချက်ချင်း စိတ်ဖိစီးမှု stress က တက်သွားပြီးတော့ မနက်ကပြောတဲ့ survival biases အဲထဲရောက်သွားတယ်။

 

★ တွေးတာ negative ဘက်ကိုပိုတွေးမိတယ် အန္တရာယ်ရှိတယ်ဆိုတဲ့ အတွေးပဲ ပိုပြီးတော့ဝင်တယ်။ မလိုအပ်ဘဲနဲ့ တပ်လှန့်တာတွေ ဖြစ်တတ်တယ်။ ကိုယ့်မှာရှိတဲ့ အင်နာဂျီတွေ အကုန်းလုံး မလိုအပ်ဘဲ လျှောက်ပြီးတော့ သုံးဖြစ်တာ၊ မလိုအပ်ဘဲနဲ့ တွေးတာရှိတယ်။ 

 

★ Over thinking, excessive thinking ဆိုတာ ရန်ကုန်မြို့ကြီးလိုမှာ မြန်မာနိုင်ငံ တခြားဒေသနဲ့စာရင် အစစအရာရာပြည့်စုံတဲ့ ရန်ကုန်မြို့လိုမြို့ကြီးမှာ လူအများစုဖြစ်တဲ့ ရောဂါ ဒီရောဂါပဲ။ excessive thinking အတွေးတွေ မရပ်မနားတွေးနေပြီးတော့ လိုတဲ့အခါလည်းတွေးတယ် မလိုတဲ့အခါလည်း တွေးတယ်။ 

 

★ အဲလိုဖြစ်ပြီးတော့ စက်ရုံတစ်ခု သူ့မှာနားချိန်မရှိတဲ့အခါကျတော့ သူ့ကိုယ်ကို ပြန်ပြီးတော့ service လုပ်ဖို့ရာ အခွင့်လမ်းမသာဘူး။ အဲဒါကြောင့် အခု ပြဿနာနဲ့ ရင်းနှီးအောင် uncertainty ကိုလက်ခံအောင် စိတ်ကို excercise လုပ်ပေးတာ ၁၀မိနစ်ပဲကြာတယ်။

 

ဆက်လက်ဖော်ပြပါမည်။

 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ

??? 

 

“စီးပွားရေးလောကထဲက ကိုယ့်ဒူးကိုယ်ချွန် မာယာ (ဒုတိယအချိန်) - The illusion of separateness in the business world (၁၈.၁၂.၂၀၁၈ စီပွားရေးတက္ကသိုလ် ရန်ကုန်)” တရားတော်မှ အသံဖိုင်ကို သဇင်ထိုက်က စာသားအဖြစ် ရေးသားပူဇော်ပါသည်။


blank

22 blog messaggi

Commenti